ဟိုတစ်နေ့က သေ၍ လူ့ပြည်သို့ ခေတ္တရောက်၊ စိတ်မမောက်ကြနှင့် ၊ စိတ်နေမောက်က အရင်းပျောက်မည်............ ( ဒီပဲရင်း ဆရာတော်ကြီး)......... ပန်းကန်ကွဲပြီးမှ ပန်းကန်ကွဲကြောင့် စိတ်မညစ်ပါနဲ့ ဖြစ်ပျက်ပြီးသား စိတ်မချမ်းသာစရာ ကိစ္စများကို တွေး၍ စိတ်ညစ်မခံပါနှင့် ............(ရွှေဟင်္သာတိုက်သစ် ဆရာတော်ကြီး)

Tuesday, 21 August 2012

မလေးရှားရောက် ရခိုင်များ အနိုင်ကျင့်သတ်ဖြတ်ခံရမှုနဲ့ပက်သက်၍ အစိုးရမှ သေချာစွာ အရေးယူဆောင်ရွက်ခြင်းမရှိသေး

လေးရှားနိုင်ငံတွင်သွားရောက်အလုပ်လုပ်ကိုင်နေကြသောရခိုင်များအားဘင်္ဂလီမူဆလင်များအနိုင်ကျင့်သတ်ဖြတ်သည့်အမှုများနှင့်ပက်သက်၍မလေးရှားအစိုးရမှထိရောက်စွာအရေးယူဆောင်ရွက်စစ်ဆေးခြင်းမရှိသေးကြောင်းသတင်းရရှိသည်။ရခိုင်ပြည်တွင်ဖြစ်ပွားခဲ့သောဘင်္ဂလီမူဆလင်ရခိုင်အဓိကရုဏ်း၏ဂယက်ရိုက်ခတ်မှု့ကြောင့်မလေးရှားဒေသခံများနှင့်မလေးရှားရှိဘင်္ဂလီမူဆလင်များထံမလေးရှားရောက်ရခိုင်များအနိုင်ကျင့်သတ်ဖြတ်ခံရမှုများကိုမလေးရှားအာဏာပိုင်များသို့တိုင်ကြားထားသော်လည်းရဲအရာရှိများကယင်းအမှုများနှင့်ပက်သက်သည့်တရားခံများကိုယခုအချိန်အထိတစ်စုံတစ်ရာအရေးယူဆောင်ရွက်မှုများ ပြုလုပ်ခြင်းမရှိသေးကြောင်းသိရှိရသည်"အလုပ်ကပြန်လာချိန်မှာသတ်ဖြတ်ခံရတာ...............

ဆက်လက်ဖတ်ရှု့နိုင်ပါသည်

Wednesday, 1 August 2012

ဗုဒ္ဓဘာသာ နိုင်ငံတော်ဘာသာ ပြဌာန်းခြင်း ၅၁ နှစ်မြောက် အထိမ်းအမှတ် ထေရဝါဒ ဓမ္မကွန်ရက် ကို ရန်ကုန်တွင် ပြုလုပ်သွားမည်

၂-သြဂုတ်-၂၀၁၂၊ ၁၃၇၄ ခုနှစ်၊ ဒုတိယ၀ါဆိုလပြည့်ကျော် (၁၀)ရက် တနင်္ဂနွေနေ့၊ နေ့လည် ၂း၀၀ နာရီတိတိ အချိန်တွင် ဗုဒ္ဓဘာသာ နိုင်ငံတော်ဘာသာပြန်ဋ္ဌာန်းခြင်း ၅၁ နှစ်မြောက် အထိမ်းအမှတ် "ထေရ၀ါဒ ဓမ္မကွန်ရက်" ကို ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ အာဇာနည်ဗိမာန်လမ်း၊ (ရွှေတိဂုံစေတီတော် အလယ်ပစ္စယာ၊ ရှင်သာမဏေ ဓမ္မဗိမာန်ဘေးလမ်း) မင်္ဂလာမဏ္ဍိုင်ကျောင်းတိုက်၌ ပြုလုပ် ကျင်းပမည်ဖြစ်ကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှု့နိုင်ပါသည်


Wednesday, 25 July 2012

ပါကစ္စတန် လူ့အခွင့်အရေး ခေါင်းဆောင် ရခိုင်ပြည်နယ် လာမည်

နယူးဒေလီ (မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ မူဆလင်များအရေး ကိုယ်တိုင် လေ့လာ ကူညီရန်အတွက် ပါကစ္စတန်နိုင်ငံမှ လူ့အခွင့်အရေးလှုပ်ရှားမှု ခေါင်းဆောင် Ansar Burney သည် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း သိရသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြံပေး ပုဂ္ဂိုလ်ဟောင်းလည်း ဖြစ်သည့် Ansar Burney အပါအဝင် Ansar Burney Trust မှ လေးဦး မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားပြီးဖြစ်ကြောင်း တနင်္လာနေ့က ထုတ်ပြန်ကြေညာသည်။

လူမျိုးရေး အကြမ်းဖက်မှုများ၊ မူဆလင်များ အစုလိုက် သတ်ဖြတ်ခံရမှုကြောင့် ရခိုင် ဒေသမှာ ညက်ညက်ကြေပြုန်းခဲ့ ရကြောင်း အစီရင်ခံချက်များကြောင့် ဆက်လက် ဖြစ်ပေါ်နေပြီး ထိုအထဲတွင် မူဆလင်များအား ပစ်မှတ်ထားကာ တိုက်ခိုက်မှု၊ သတ်ဖြတ်မှု၊

ဆက်လက်ဖတ်ရှု့နိုင်ပါသည်

Monday, 23 July 2012

မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက် ဆရာတော်၏ ရခိုင်အရေးအပေါ် လေ့လာသုံးသပ်၍ ထုတ်ပြန်ကြေငြာချက်နဲ့ ရခိုင်လူမျိုးတို့ အား..ဘင်္ဂလီ မူဆလင်များ၏ ခြိမ်းခြောက်မှုများ

Monday, 23 July 2012 09:58
Written by အရှင်ဝီရသူ
Description: Masoeyein_00987
*“ဝီရသူသဘောထား၇/၇၄”*
*အရှင်ဝီရသူ၊ဇူလိုင်၂၁၊၂၀၁၂*
၁၃၇၄-ခုဒုတိယဝါဆိုလဆန်း(၇)၂၀-၇-၂၀၁၂-သောကြာနေ့
*မောင်တောမြို့နယ်မှ စတင်ဖြစ်ပွားခဲ့သော ရခိုင်အရေးခင်းနှင့် ပက်သက်၍ မန္တလေးမြို့၊မစိုးရိမ်တိုက်သစ်၊ဓမ္မသဟာယကျောင်းနာယက
ဘဒ္ဒန္တဝိစိတ္တာဘိဝံသ.အရှင်ဝီရသူ(မစိုးရိမ်)၏ သဘောထားအမှန်ကို ထုတ်ပြန်ကြေညာ အပ်ပါ သည်။
*(က)* ၈-၆-၂၀၁၂-ရက်နေ့မှ စ၍ ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင်တစ်ပြိုင်တည်းဖြစ်ပွားခဲ့သော အရေးခင်းသည် ရခိုင်ကုလား အဓိကရုဏ်းလည်း မဟုတ်ပါ။ ဗုဒ္ဓဘာသာဝင်နှင့် အစ္စလာမ်ဘာသာဝင်တို့ အကြားဖြစ်ပွားသော ဘာသာရေးပဋိပက္ခ လည်းမဟုတ်ပါ။ အမှန်အားဖြင့် အစွန်းရောက် အစ္စလာမ်ဘာသာဝင် စစ်သွေးကြွများ ယုံကြည်လက်ခံထားသည့် ဂျီဟတ်စစ်ပွဲသာ ဖြစ်ပါသည်။
*(ခ)* ၃-၆-၂၀၁၂-မှ၈-၆-၂၀၁၂-အထိရက်ပိုင်းအတွင်းသာကြာလိုက်သော တောင်ကုတ်အရေးအခင်းကို အကြောင်းပြု၍ မောတော၊ စစ်တွေ၊ ရသေ့တောင်မြို့နယ်တို့တွင် ဖြစ်ပွားခဲ့သော အရေးခင်းကို လူမျိုးရေး အဓိကရုဏ်းဟု.............

ဆက်လက်ဖတ်ရှု့နိုင်ပါသည်